|
၁။ |
အလုပ်အနားယူပြီး စိတ်အေးချမ်းသာစွာ
နေထိုင်ရမည်။ |
|
၂။ |
စူးရှသော၊ အလင်းပြန်သော တီဗွီ၊
မီးအိမ် စသည်များ မကြည့်ရ။ |
|
၃။ |
စကားပြောတိုင်း ပါးရွဲ့သွားတတ်သဖြင့်
စကားများများမပြောပါနှင့်။ |
|
၎။ |
ဆေးမီးတိုများကို လက်တည့်စမ်း
မလုပ်ပါနှင့်။ |
|
၅။ |
အလင်းရောင်စူးရှမှုနှင့် လေထဲမှ ခဲ၊ သလဲ
အမှုန်များ လွင့်လာပြီး မျက်စေ့အတွင်းဝင်
နိုင်သည့်အတွက် မျက်ခွံကောင်းစွာမပိတ်သော
ပါးရွဲ့လူနာ၏ မျက်စေ့ကို ဆေးခန်းမှ
ဂွမ်းဖြင့်အုပ်ထားပေးပါသည်။
မဖွင့်ပါနှင့်၊
ဖွင့်လျှင်နေကာမျက်မှန်အမဲတပ်ထားပါ။ |
|
၆။ |
စကားပြောလျှင် ရွဲ့နေသောပါးခြမ်းကို
လက်ညှိုး + လက်ခလယ်ဖြင့် ထောက်၍
ပင့်တင်ပြီးမှပြောပါ။ |
|
၇။ |
ရေ နေ့စဉ်ချိုးပါ။
အချိန်ကြာမြင့်စွာချိုးခြင်း၊
လေတိုက်တွင်ထွက်၍ ရေချိုးခြင်းနှင့်
အလွန်အေးသောရေဖြင့်
ခေါင်းလျှော်ခြင်းကိုသာ ရှောင်ကြဉ်ပါ။ |
|
၈။ |
အနောက်တိုင်းနည်း/တိုင်းရင်းနည်း
မိမိယုံကြည်ရာ ဆရာ/ဆရာဝန်
တစ်ဦးဦးနှင့်သာ ကုသပါ။
ဆရာနှစ်မျိုးတစ်ပြိုင်တည်း မကုသပါနှင့်။ |
|
၉။ |
အကြောပိတ်စေသော အစာနှင့် လေပွ
လေပျက်စေသောအစာများကို ရှောင်ပါ။ |
|
၁၀။ |
ပါးရွဲ့လူနာရှင်များအနေဖြင့်
ပါးရွဲ့နေသူကို ဝမ်းနည်းစရာ၊ ငိုစရာ၊
ရယ်စရာများ မပြောပါနှင့်။ ငိုလျှင်
ရယ်လျှင် ပါး ပိုရွဲ့သွားတတ်ပါသည်။ |
|
၁၁။ |
ကုသရက်မမှန်၍ ပါးရွဲ့မတည့်လျှင်
နောင်မှပြန်ကုရသောရောဂါ မဟုတ်ပါ။ |
| |
အချိန်မနှောင်းခင်ကုသမှုခံယူလျှင်
မုချပျောက်ကင်းပါသည်။
မုဒြာ အကြောပြင် |