|
WELCOME TO OUR WEBSITE ! |
|
ဇက်ကျီးပေါင်းရောဂါ(Spondylosis)
အကြောင်းသိကောင်းစရာ |
|
ဇက်ကျီးပေါင်းရောဂါဆိုသည်မှာ
အရိုးအဆစ်များတွင် အပွေးတက်ခြင်း
ဖြစ်ပါသည်။ အသက် ၄၅ နှစ်ကျော်လျှင်
အနည်းနှင့် အများ ကျီးပေါင်းတက်ကြပါသည်။
ခေါင်းငုံ့အာရုံစူးစိုက်ရသောအလုပ်
လုပ်တာများသောလူများတွင်
ပိုအဖြစ်များပါသည်။ ထိုကဲ့သို့
ချွန်ထွက်နေသော အရိုးကျီးပေါင်းဆစ်နှင့်
အဆစ်နှစ်ခုကြားကထွက်လာသော အာရုံကြောတို့
ချိတ်မိခြင်း၊ ဖိမိခြင်း၊ ညပ်မိခြင်း
ဖြစ်လျှင် အာရုံကြောရောင်ပြီး ဇက်နာခြင်း၊
မူးခြင်း၊ လက်ပြင်အောင့်ခြင်း၊
လက်များကျဉ်ခြင်း၊ ထုံခြင်း
စသည်တို့ဖြစ်ပွားနိုင်ပါသည်။ |
|
ဇက်ကျီးပေါင်း ကုသ၍ ရနိုင်သလား |
|
ဇက်ကျီးပေါင်းကို ကုသ၍ ရနိုင်ပါသည်။
သင့်မှာ ဇက်ကျီးပေါင်း လက္ခဏာများဖြစ်သည့်
ဇက်ကြောတက်ခြင်း၊ မကြာခဏ
ခေါင်းကိုက်ခြင်း၊ လက်နှစ်ဖက် ကိုက်ခြင်း၊
ထုံခြင်း၊ ကျဉ်ခြင်း၊ နောက်စေ့ထိုးခြင်း
စသည်တို့ဖြစ်ပေါ်လာလျှင် ဆေးခန်းတွင် ၁၄
ရက်တိတိ အကြောပြင်ခြင်း၊ ဆေးကပ်ခြင်း၊
ဇက်ဆွဲခြင်းတို့ပြုလုပ်ပေးပါက
ပျောက်ကင်းနိုင်ပါသည်။ |
|
အကြောပြင်နှင့်အနှိပ် |
|
အနှိပ်ဆိုသည်မှာ ကြွက်သားများ တင်းမာမှုကို
လျော့စေရန် လက်အင်အားသုံး၍နှိပ်ခြင်း
ဖြစ်သည်။ တခါတရံ ခြေထောက်ပါ အကူအညီယူပြီး
တက်နင်းကြသည်။ နောက်ဆုံး အပူထုတ်သည်။
အနှိပ်သည်အများစုမှာ ကြွက်သားများ
အညောင်းပြေရုံနှင့် အပူထုတ်ရုံမှလွဲ၍
ခန္ဓာဗေဒကို နားမလည်သူများဖြစ်သဖြင့်
လေဖြတ်သူများ အနှိပ်မခံသင့်ပါ။ သို့ဖြစ်၍
အချို့ လေဖြတ်လူနာများမှာ အနှိပ်သည်
ချိုးဖဲ့သဖြင့် အာရုံမသိသော အခြမ်းဘက်မှ
လက်မောင်းပြုတ်သွားသူများ၊ ပေါင်ထိပ်လျော
သွားသူများ တွေ့ရဖူးပါသည်။
အကြောပြင်ဆရာဆိုသည်မှာ
အကြောတည်ဆောက်ဖွဲ့စည်းပုံ ခန္ဓာဗေဒကို
လုံးဝကြေညက်ထားသူဖြစ်ပြီး
စမ်းသပ်လိုက်သောအခါ အကြော၏ချို့ယွင်းချက်၊
ပြစ်ချက်များကို
မိမိပိုင်နိုင်ရာနည်းဖြင့်
ပြုပြင်ပေးနိုင်သော
ကျွမ်းကျင်သူဆရာဖြစ်ပါသည်။ |
|
|
|
|
|
|
 |
|
မုဒြာ (I) ၇၄ လမ်း၊ ၂၈x၂၉ ကြား၊
မောက်မယ်ဝင်း၊ စိတ္တရမဟီရပ်၊ မန္တလေး။ ဖုန်း
၀၂-၆၄၄၉၉၊ ၇၄၄၉၉
မုဒြာ (II) အမှတ် (၂၆၁)၊ ၃၃ လမ်း၊ ၈၃x၈၄
လမ်းကြား၊ မန္တလေး။ ဖုန်း- ၆၈၀၆၆၆၈
ဖြန့်ချိရေး - ကြည်သာစတိုး၊ ၇၁ လမ်း၊ ၂၈ x
၂၉ ကြား၊ မန္တလေးမြို့။ ဖုန်း - ၀၂-၂၁၂၅၂၊
၀၂-၇၄၁၂၃
email address:
ukyilwinmyint@mudramyanmar.com |