|
|
|
|
၁။ |
ကြက်သားနှင့်
ရှောက်ရွက်သုပ်စားပါ။
(ကြက်သားအကောင်ငယ်အသားနူးပါစေ) |
|
၂။ |
ရဲယိုရွက်နှင့်ငါးခူ
ရောချက်စားပါ။
(ဖက်ထုပ်ပေါင်း
လုပ်၍လည်းစားနိုင်သည်။) |
|
၃။ |
ပဲရာဇာ
ဟင်းချိုနေ့စဉ်သောက်ပါ။
အကြောပွင့်စေသည်။ |
|
၎။ |
ဒန့်သလွန်ရွက်
ဟင်းချိုသောက်ပါ်။ |
|
၅။ |
ရှောက်သီးဖျော်ရည်သောက်ပါ။
(သံပုရာသီးဖျော်ရည်ရှောင်ပါ) |
|
၆။ |
ဖီးကြမ်းငှက်ပျောသီး
မီးဖုတ်၍
တစ်နေ့နှစ်လုံးစားပါ။ |
|
၇။ |
ငါးကြင်းကို
နှမ်းဆီနှင့်ကျော်၍
မန်းကျည်းမှည့်နှင့်
ပြန်ချက်စားပါ။ |
|
၈။ |
ရှားဇောင်းလက်ပတ်
(အလယ်အနှစ်ကိုယူ)
ဟင်းချိုချက်သောက်ပါ။
သို့မဟုတ် (ဆီးချိုရောဂါ
မရှိလျှင် )
သကြားနှင့်ခေါက်စားပါ။ |
|
၉။ |
ကြက်ဥကို
ကျက်အောင်ပြုတ်ပြီး
အ၀ါနှစ်ကိုဖယ်၍
အကာကိုယူပြီး နှမ်းဆီ
အနည်းငယ် ဆမ်း၊
နှမ်းထောင်း
ကြက်သွန်ကြော်ထောင်းတို့ကို
ဖြူး၍ စားချင်စဖွယ်
ဖြစ်အောင် ပြုလုပ်၍
စားပါ။ |
|
၁၀။ |
ပဲဇောင်းလျားသီး
(ခပ်နုနု) ကိုပြုတ်၍
အတို့အမြှုပ် လုပ်စားပါ။ |
|
၁၁။ |
ချဉ်ပေါင်(ရိုးနီရွက်နီ)ကို
ပုဇွန်ခြောက်နှင့်
ဟင်းချိုချက်သောက်ပါ။ |
|
၁၂။ |
ငါးရံ့ခြောက်ပြုတ်၍
အသားမွှယူပြီးမှ
ကြက်သွန်ဖြူ၊ နီနှင့်
ဂျင်းအနည်းငယ်မျှထည့်ပြီး
ငါးခြောက်ထောင်း ပြုလုပ်၍
စားနိုင်သည်။
(မငန်ပါစေနှင့်) |
|
၁၃။ |
ငါးရံ့ဆန်လှော်ဟင်း
(စပါးလင် ထည့်ချက်ပါ)
ဆန်များများထည့်ပြီး
အရည်သောက် ပြုလုပ်စားပါ။ |
|
၁၄။ |
ဆန်လက်တစ်ဆုပ်၊ ပဲရာဇာ
လက်တစ်ဆုပ်ရောပြီး
ဆန်ပြုတ် ပြုတ်ပါ။
ကျက်ပြီးမှ ငါး(သို့
မဟုတ်) အသားပြုတ်
အနည်းငယ်ရောသောက်ပါ။ |
|
၁၅။ |
အစာစားပြီးတိုင်းရှောက်ရည်
(သို့မဟုတ် ဂရိတ်ဖုအရည်)
၃ဇွန်းနှင့် ပျားရည်
၁ဇွန်း ရောစပ်တိုက်ပါ။
အစာကြေပြီး
ဝမ်းမီး ကောင်းစေပါသည်။ |